Saturday, March 24, 2007

Robot V2

ဒီနွေရာသီကျောင်းပိတ်ရက်မှာ.....
Robot V2 နဲ့အတူဓာတ်ပုံရိုက်ပြိုင်ပွဲဝင်ရင်း
ဆုတွေယူကြရအောင်! (April 1-3 9:00am to 9:00pm)


Robot V2 ဟာလူတစ်ယောက်လိုလှုပ်ရှားနိုင်ပြီး မိမိစေခိုင်းတာကို
လုပ်ဆောင်ပေးနိုင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်တဲ့အပြင် သူ့မှာကိုယ်ပိုင်အမြင်အကြား
အာရုံတွေပါလို့ လူတစ်ယောက်လို မိမိကိုတုန့်ပြန်မှုပေးနိုင်ပါတယ်။
**စိတ်ဝင်စားရင် လာရောက်လေ့လာပြိုင်ပွဲဝင်နိုင်ဖို့ဖိတ်ခေါ်ပါတယ်**

From March (20) to April (19)
Digital Camera, Digital Movie Camera, Laptop Computer များနှင့်
Digital အသုံးအဆောင်ပစ္စည်းများကို အထူးဈေးနှုန်းများဖြင့်
ရောင်းချပေးမှာဖြစ်ပါတယ်။
Blogger များအတွက်
Digital Camera ကမရှိမဖြစ်မို့လို့သွားရောက်လေ့လာစေချင်ပါတယ်



House of ROCK BAND

ROCK VS HIPHOP
ခရစ္စတိုဖာ၊ ထူးအယ်လင်း၊ ရဲလေး၊ ဘာဘူ
သျှီ၊ တင်ဇာမော်၊ သီရိဂျေမောင်မောင်၊ သားစိုး၊ ရန်ရန်ချမ်း၊ ဇေယျာသော်
ခင်ဘုဏ်း Bambino Blueberry

၂၅.၃.၂၀၀၇ (Sunday)
Mandalay Hill Resort မှာ ညနေ(၅)နာရီစတင်ဖျော်ဖြေပါမယ်
ကဲချင် သဲချင် ကြသူများ
လက်မှတ်ကတော့ တစ်စောင်ကို မြန်မာငွေ ၈၀၀၀ ကျပ် ကျသင့်ပါတယ်တဲ့
Rock နဲ့ Hiphop ရန်ဖြစ်ကြမယ့်ပွဲဆိုတော့
တော်တော်တော့နားညည်းလိမ့်မယ်ထင်တယ်
သွားမယ့်သူများဂွမ်းလေးတော့ဆောင်သွားကြပါလို့
မမတို့တော့ show ပွဲသွားတိုင်း
ဂွမ်းလေးတော့ယူသွားနေကြ
မမေ့ကြနဲ့နော်

Thursday, March 22, 2007

ိဘာမှမရှိတဲ့ဒုက္ခ

်ဟား.....
blog မှာ post အသစ်တင်စရာလည်းမရှိပါလားနော်
သတင်း အတင်း အဖျင်း တွေလည်း ဘယ်မှာပုန်းနေကြလဲ
မြန်မြန်ထွက်လာကြပါတော့
ဆရာကလည်းဆဲနေပြီ
ဒီနေ့ post အသစ်မတင်ရင်တော့အသေပဲတဲ့
ဘယ်လိုလုပ်ရမလဲ
မတင်ရင်လည်းအတန်းဆင်းပေးမှာမဟုတ်ဘူး
နေ့လည်စာမစားရတာလည်း (၃) ရက်ရှိပြီ
သနားကြပါ.......


Wednesday, March 21, 2007

THE BIG SHOW IN BAG

အားလုံးမျှော်လင့်စောင့်စားနေတဲ့ THE BIG SHOW ကို ၂၅.၃.၀၇ ည (၇) နာရီ မှာဖျော်ဖြေမှာဖြစ်ပါတယ်။
သွားကြည့်ဖို့အားခဲထားတဲ့ ကိုကို မမ မောင်လေး ညီမလေး များ
နေရာကတော့ မဟာနွယ်ဇဉ်အားကစားကွင်းကနေ မြို့တော်ခန်းမ (၁) ကို နေရာပြောင်းသွားပြီဖြစ်ပါကြောင်း
သတင်းကောင်းပါးအပ်ပါတယ်။

1st Information


ပထမဆုံး Post မှာဓါတ်ပုံလေးနဲ့မိတ်ဆက်လိုက်ပါတယ်
အားလုံးကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
လမ်းမှာတွေရင်လည်းနူတ်ဆက်ကြပါလို့